Friday, 27 August 2010

ချစ်သူလိုက်မယ်လား



နှင်းဆီပြာပေါ်သည့်နှစ်မှာလ
နေရစ်ကွယ် ဘယ်သူတားနဲ့တော့
စွန့်စားတယ် ဆိုချင်ဆို
ဖိုဝင်မီ ဇော်ဂျီတို့ကျွန်းလိုပ
ခိုချင်ပြီ ပျော်မည်ထင်တဲ့ကျွန်းဆီသို့
အိမ်တန်းဝင်ချင်ရှာတဲ့
ခြေကျရာ ပျော်သည့်ကြက်လိုပ
အပြီးအခွါ ခက်တာမို့
ခရီးတစ်ခါထွက်မယ်ပြင်။

တောင်ဖြူတန်း
မြူသမ်းရီဝေတဲ့
တောအခြေ မြေတစ်ကွက်
ထင်းရှူးပင် ရင်ပေါင်ယှက်ပါလို့
နေခြည်မှာ သစ်ရည်တက်ချိန်ု၌
ငှက်ဖော်ကွဲဆွေကြင်ခေါ်သတဲ့
မှည့်ပျော်ချုံနွယ်သီး
ချောင်းဆုံမှာ ဗုံငယ်တီးသလိုပ
ရေပလုံ ခုန်ပျံစီးရှာတဲ့
ရွက်နွမ်းကြွေ ရေစပ်အနီးမှာ
ကျူဝါးအိမ်ငယ် မှီးတော့မယ်
ဆီမီးခွက်ဆင်။

ချစ်သူလိုက်မယ်လား
အကြိုက်စံပယ်ရုံ၌
တစ်နေကုန် တုံ့လှယ်စကားတွေနဲ့
အနားမခွါချင်ဘု
မြေလွင်ပြင် ခြေကျင်လျှောက်ကာဖြင့်
ရေညှိမှုန် ဆူးချုံ နှောက်သော်လည်း
လာလမ်း ဘယ်မပျောက်ပါဘု
ဆည်းဆာချိန် အိမ်ပြန်ရောက်မှာပ
ဖျောက်ဆိပ်ကြဲ ဖဲပိုးမိုးပြင်
အိပ်ရာဝင် ပွေ့ထွေး
တစ်လေ တစ်ခါတစ်ရံ
မြ၀န်းငွေခြည်လျှံမှ
ပုရစ်ညံ ရင်ကွဲတို့
မစဲအောင် နွေကြိုယူတော့
ရင်တွင်း ဆူပူလိမ့်
ကျန်ရစ်သူဆွေငယ်ချင်းတို့
စကားတင်း ဆိုလေပြီထင့်
သူတို့ဆီ သာကြည်အေးပါစ
ခြားပင်လယ် ဘယ်လိုဝေးပေမယ့်
မလာချင်ရင် တကယ်ဝေးပေမယ့်
လာချင်ရင် အလွယ်ကလေး
ခရီးနာရီ နှစ်ဆယ့်လေးသာပဲ
ကံဖန်ရင် ပြန်လည်ပြေးချင်လိမ့်မယ်
မျက်ရည်ပါးပြင်နွေးရင်တော့
ချစ်သူကို ပြစ်မယူကြေးပါရှင့်
စိတ်တည်ငြိမ် သိမ်မွေ့အေးသူက
နှုတ်ခမ်းလွှာ နမ်းတစ်ရာမွှေးရယ်နဲ့
ချော့တော့ကွယ်လေး။ ။


(ကြည်အေး)
ရှုမ၀၊ စက်တင်ဘာ၊ ၁၉၇၂

No comments:

Post a Comment