Thursday 26 August 2010

နိဗ္ဗာန်လမ်းဆုံး










































သန်းယံကျော်၍

အိပ်ပျော်ရာမှ ၊ လန့်နိုးထခဲ့
ညမှောင်တိုးဝင် ၊ ပြတင်းပြင်၌
ငွေစင်ကြယ်ငွေ့ ၊ ရှာမတွေ့ နိုင်
မေ့ကျန်ပျောက်လွင့် ၊ လခြမ်းပင့်ပြန်
ငါနှင့်ငါသာ ၊ အဖော်ပါသော
ရှည်ကြာဘဝ ၊ ပျင်းမောလှရဲ့
ယောင်တကိုယ်ထီး ၊ မပြတ်ညည်းညူ
ရုံးစည်းမနိုင် ၊ တွေမှိုင်ပန်းယဲ့
လှမ်းနွဲ့ခြေဖြည်း (ဖြေး) ၊ ကိုယ်စိတ်လေးစွ
အဝေးရွာသို့ မျှော်မိ၏ ။

အပူအေးထင့်
အဝေးရွာ၌ ၊ ကြာရှည်နှစ်ပြောင်း
ဆောင်းဝင်ကုန်ကျွန်း ၊ နွေဆန်းတော့မည်
ဖျော့ရည်မိုးတိမ် ၊ လေရူးငြိမ်ဆဲ
အိမ်ယာမတည် ၊ ဥသြသည်မှာ
သံရှည်သံတို ၊ ရာသီကြိုခဲ
ဟိုမှာကြောင်းခြင်း ၊ သူငယ်ချင်းတို့
သတင်းစိုးစ ၊ မပါးကြဘူး
ဘဝဆုံးက ၊ နိဗ္ဗာနပင်
အေးမြခဲ့ပြီ ဆိုရမည် ။

ချစ်၍ပျိုးသည့်
မိုးနှင့်လန်းရွှင် ၊ မောင့်ပန်းပင်ကို
မြင်ပြန်ခဏ ၊ ကြင်ယုယချင်
ပင်မ ရင့်သန် ၊ ဖူးတံငုံပွင့်
ပြုံးဆင့်တိုးထွက် ၊ ညွန့်ကိုင်းခက်တို့
ချက်မက်ပြေခဲ ၊ ချစ်မရဲခဲ့
စွန့် ခွဲရက်မှ ၊ ရောက်လွတ်ရသော
ဘဝချုပ်ငြိမ်း ၊ ဇာတ်ဆုံးသိမ်းရာ
တိမ်းမူးနီးစပ် ၊ လမ်းခုလတ်မှ
မျက်ပြတ်လမ်းစ ၊ ကျွန်ပြန်ရ၏
ကြွေကျလေလွင့် ၊ နှင်းဆီပွင့်တူ
သခင့်ရင်ခွင် ၊ တိုးခွေ့ဝင်၍
ပွေ့  အင်စိတ်နှင့် ၊ တစ်ခန်းလင့်ပြန်
ရဲရင့်မနိုင် ဝေသေးသည် ။ ။

ကြည်အေး
( မြဝတီမဂ္ဂဇင်း ၊ သြဂုတ် ၊ ၁၉၆၂ )

No comments:

Post a Comment