မိုးရွာပြီးစ
မြေကြီးညံ့သိပ် ၊ တိမ်ရိပ်မှောင်ဖျော့
ညွှတ်ကော့သစ်ရွက် ၊ ရေစက်စက်အောက်
မိုးသက်လေမှာ မေတစ်ယောက်တည်း ။
မြစ်ရေစပ်၌
မတ်ရပ်တောင့်တင်း ၊ ရင်ဟင်းလင်းဟ
ငွေကွင်းဂယက် ၊ ခြေကိုပတ်မှ
ပင့်သက်ရှိုက်ငင် ၊ လျော့ဆံပင်လည်း
လေတွင်ပြေသွား ၊ လွင့်ပါးလိုက်တာ။
လူရိပ်ရေးရေး
ကလေးငိုသံ ၊ တေးဆိုဟန်လို
အသံဗလံ ၊ မြစ်ရေလျှံမှာ
စုန်ဆန်မျောစီး ၊ တီးတိုးညည်းလာ
အနီးကပ်ခေါ် ၊ လိုက်ခဲ့ခေါ်လို
ရမ်းရော် စိတ်ညစ် ၊ မူးရစ်ရစ်မြင်
ပြောင်းသစ်မြို့ ရွာ တစ်ဘက်ကမ်း ။
သတိဝေ့လည်
မေ့လျော့ဖြည်းညင်း ၊ ရေကိုဆင်းပြီး
စမ်းနင်းလျှောက်ခဲ့ ၊ ကျောက်ပဲ့ရွဲ့ စူး
မူးနစ်မွန်းနောက် ၊ လွယ်ကူရောက်သည်
ရေအောက်ဖြတ်လမ်း တိတ်တခိုး ။ ။
(ကြည်အေး)
တာရာ မဂ္ဂဇင်း ၊ အတွဲ ၃ ၊ အမှတ် ၁၈ ၊ ၁၉၄၉
တင်မေကို သတိရလိုက်တာ
ReplyDelete