Friday 27 August 2010

သမီးအလိမ္မာ




မမွှေးထုံ ၊ မမွှေးထုံ
ပါးကွက်ကြားနဲ့ နပ်ခါးမှုန်
မမွှေးထုံ ဘာကြောင့်မွှေး
ရှင်တောင်နပ်ခါး လိမ်းလို့မွှေး ။

မမွှေးထုံ ၊ မမွှေးထုံ
စံပယ်ကုံးနဲ့ ဆံထုံးပုံ
မမွှေးထုံ ဘာကြောင့်မွှေး
တောစံပယ်သေး ပန်လို့မွှေး ။

မမွှေးထုံ ၊ မမွှေးထုံ
နှုတ်ခမ်းပါးနဲ့ ကွမ်းဝါးငုံ
မမွှေးထုံ ဘာကြောင့်မွှေး
စမုံကွမ်းအေး ဝါးလို့မွှေး ။

မမွှေးထုံ ၊ မမွှေးထုံ
နှုတ်ချိုအေးတဲ့ မမွှေးထုံ
မမွှေးထုံ ဘာကြောင့်မွှေး
လိမ္မာရေးခြား သတင်းပြေး
သမီးမြကျေး ကြာညိုသွေး
စိတ်တည်ကြည်လို့ နာမည်မွှေး ။ ။

ကြည်အေး
(ရှုမဝ ၊ ၁၉၇၀ ၊ ဇူလိုင်)

2 comments:

  1. သူ့သမီးလေးအတွက် ရေးခဲ့တာ ဖြစ်မှာ

    ReplyDelete
  2. I have heard this poem long time ago. I didn't know that it's Daw Kyi Aye's poem. Thanks for sharing.

    ReplyDelete