Thursday 26 August 2010

နှုတ်နှေးခဲ့သည်


မောင်နှင့်တွေလျှင်

ချမ်းမြေ့ပျော်လည်း ၊ သူဝမ်းနည်းပြန်

မသဲမကွဲ ၊ နှစ်ယောက်ထည်း (ထဲ) ပင်

မိုးဖွဲနုညက် ၊ ဆံနွယ်ခက်ကြား

တစ်စက်တစ်စက် ၊ လျောသက်တွယ်ခို

ညိုညိုလဲ့မှောင် ၊ ကော့မျက်တောင်မှ

ဝေ့ယောင်သီဝဲ ၊ မျက်ရည်ပဲလား

မသဲမကွဲ ၊ မိုးရေပဲလား

ဆိုရဲခက်ခက် ၊ မမေးရက်လို့

ပင့်သက်ပူနွေး ၊ မှိုင်မောငေးဆဲ

နွဲ့ထွေးနှမ ၊ ပြုံးအေးမြတော့

နောင်တ နောက်ကျရပြန်သည် ။ ။

(ကြည်အေး)
(ရှုမဝမဂ္ဂဇင်း ၁၉၇၀ ဇူလိုင် ၊ 'မြနန္ဒာပြောချင်သေးသည်' မှ )

No comments:

Post a Comment