Thursday 2 September 2010

ညှိုးထန်သူ


တငင်ငင်ပင်
ကြင်ချစ်နွမ်းလျ ၊ လွမ်းတမ်းတဟန်
ကမ်းစမြိုင်စပ် ၊ သစ်ရွက်ညပ်သော
တပ်မက်မောရာ ၊ တောခန်းသာမှ
ငှက်ပြာမောက်နီ ၊ မြကျေးအီ၍
ပလီနွဲ့ ချီ ၊ တောင်ယှက်မှီကြ …..

ပီပြင်ပွင့်နှစ် ၊ စံပယ်သစ်လဲ
ကိုင်းဆစ်မြကြား ၊ ငွေကြယ်ပွားပင်
ချော့ဖြားသွေးယူ ၊ လိပ်ပြာကြူမွေး
စိတ်တူချစ်ဆင့် ၊ နှောင်စိတ်ရင့်ခဲ့ …..

သခင့်မေတ္တာ ၊ မယုံသာသော
ကြမ္မာ ဖင့်လေး ၊ နှမထွေးမူ
နှုတ်နှေးစိုးရွံ့ ၊ မမေးဝံ့ဘူး
ပြောအံ့မူးမူး ၊ ကြည်နူးစကား
အားနွဲ့ ထစ်လှ ၊ တစ်ခွန်းစတိုင်း
နှုတ်ဟဟပင် ၊ ဆိုချင်ခဲခက်
နေ့ညဥ့်ရက်ဆက် ၊ တင်းမာရက်ခဲ့
ပင့်သက်ကြာထွေ ၊ လက်ချောင်းရေ၍
ပြေပြစ်နားလည် ၊ သိမြင်မည်လား
မကြည်လင်ပြန် ၊ ညှိုးထန်မည်လား
စောင့်ရည်ဘဝ ၊ ကိုယ်ထီးတသ
မာနကိုးလဲ ၊ ရင်လှိုက်လှဲရ
ဆင်းရဲနာသစ် ၊ အချစ်ဖြစ်သည် ။ ။

ကြည်အေး
( ရှုမဝမဂ္ဂဇင်း ၊ ၁၉၆၉ ၊ ဒီဇင်ဘာ )

3 comments:

  1. ဆင်းရဲနာသစ် အချစ်ဖြစ်သည် ... တဲ့။
    မိုက်တယ် စကားလုံးသုံးထားတာ။
    ဒီကဗျာ မဖတ်ဖူးသေးဘူး။

    ReplyDelete
  2. I disagree with the comment. I think the usage is perfectly insightful.

    ReplyDelete
  3. အရမ်းနှစ်သက်ရတဲ့ ကဗျာတစ်ပုဒ်ပါ...
    နောက်ထပ်ကဗျာလေးတွေရှိရင်လည်း ထပ်တင်ပေးပါဦးနော်...
    ကျေးဇူးကမ္ဘာဆိုင်ရော....

    ReplyDelete